နေ့တိုင်းမေးသင့်သော မေးခွန်းနှစ်ခု

ယခု တင် ထားသော ဆောင်းပါး များသည် ကျနော်တို့ Asxox မှ မပိုင်ပါ..

ကျနော်တို့ Website ကို လာရောက် လည်ပတ်တဲ့ မိတ်ဆွေများအတွက် အကျိုး တစ်စုံတစ်ရာ ရရှိစေဖို့ ရည်ရွယ် ပြီးတင်ပေးခြင်းသာဖြစ်ပါသည်

အကြောင်း အမျိုးမျိုးကြောင့် ဖျက် စေချင်လျှင် ကျေးဇူးပြု၍ asxoxec@gmail.com or 09-966906666 , 09-966907777 သို့ ဆက်သွယ်ပေးပါရန်မေတ္တာရပ်ခံအပ်ပါသည်။

crd https://mar-thin.com/

 

မနက်ကို မေးရန်မေးခွန်းတစ်ခု …..
ညပိုင်းတွင် မေးရန် မေးခွန်းတစ်ခု …..

နေ့တိုင်း မေးခွန်း (၂) ခု မေးသင့်သည်။

မနက်ပိုင်း တွင် … မေးရန်

(၁) ဒီနေ့ ဘာတွေ လေ့လာချင်သလဲ ?

နေ့ တစ်နေ့ကို ထိုမေးခွန်းနဲ့စကြည့်ပါ။ အဲဒီနေ့က ပိုပြီး အကျိုးရှိစွာအချိန်ကို အသုံးချမိတဲ့ နေ့တစ်နေ့ဖြစ်လာပါလိမ့်မယ်။
ကျွန်တော်တို့အားလုံး နေ့စဉ် အကြောင်းအရာ တစ်ခုမဟုတ်၊ တစ်ခု ကိုလေ့လာသင့်တယ်ဆိုတာ အားလုံးအသိဖြစ်ပေမယ့် …
မလုပ်ဖြစ်ဘူး ဆိုတာ….
အသိကို အသိမှာပဲ ထားပြီး လက်တွေ့လုပ်ဖို့နည်းလမ်းလိုနေလို့ပါ။
ဒါကြောင့် … မှတ်စုစာအုပ်မှာ မနက်ခင်း ကို စာတစ်ကြောင်း ချရေးပြီး စတင်ကြည့်ပါ ။

ဒီနေ့ဘာတွေ လေ့လာချင်သလဲ ?

ညပိုင်းတွင် … မေးရန်

(၂) ဒီနေ့ဘာသင်ခန်းစာတွေ ရလိုက်သလဲ ?

သင်ခန်းစာဆိုတာ ယူတတ်ရင် နေ့စဉ် ရှိပါတယ်။
စာဖတ်ခြင်း၊ နားထောင်ခြင်း၊ ဗွီဒီယို ကြည့်ခြင်းတွေကနေ သင်ခန်းစာရတတ်သလို၊
ကိုယ်လုပ်မိတဲ့ အမှားကနေလဲ သင်ခန်းစာ ရနိုင်ပါတယ်။
ဒါပေမယ့် .. သင်ခန်းစာကို စိတ်ထဲမှာပဲ မထားမိဖို့အရေးကြီးပါတယ်။
လူအများစုက ရလိုက်တဲ့ သင်ခန်းစာကို စိတ်ထဲမှာ ပဲ ထားတတ်ပါတယ်။
စိတ်ထဲမှာ ပဲ ထားတော့ .. အဖိုးတန်တဲ့ သင်ခန်းစာက ၂၈ ရက်အတွင်း တဖြည်းဖြည်းမေ့ပျောက်သွားပါတယ်။

သင်ခန်းစာ ဆိုတာ ချရေး ရပါတယ်။
ချရေးထားတဲ့ မှတ်စုစာအုပ်ကို မကြာခဏဆိုသလို ပြန်ဖတ်ရပါတယ်။
ဒီလိုလုပ်မှ … သင်ခန်းစာ ဆိုတာ ယူတတ်တယ်လို့ခေါ်ပါတယ်။
စီးပွားရေးလုပ်ငန်း မှာ လုပ်ငန်းဆောင်တာကနေ ရတဲ့ သင်ခန်းစာဆိုတာ ရှိသလို၊ နေ့စဉ် လူနေမှုဘဝမှာလဲ သင်ခန်းစာဆိုတာ ရှိပါတယ်။

သင်ခန်းစာဆိုတာ …အဖိုးတန်တယ်ဆိုရင် သေချာချရေးထားပါ။

ယူတတ်မှ … ရပါတယ်။

ရအောင်… ယူတတ်ပါစေ။

မာသင်

Leave a comment