ဈေးကွက်ထိုးဖောက်နည်းလမ်းကောင်းတစ်ခု

ယခု တင် ထားသော ဆောင်းပါး များသည် ကျနော်တို့ Asxox မှ မပိုင်ပါ..

ကျနော်တို့ Website ကို လာရောက် လည်ပတ်တဲ့ မိတ်ဆွေများအတွက် အကျိုး တစ်စုံတစ်ရာ ရရှိစေဖို့ ရည်ရွယ် ပြီးတင်ပေးခြင်းသာဖြစ်ပါသည်

အကြောင်း အမျိုးမျိုးကြောင့် ဖျက် စေချင်လျှင် ကျေးဇူးပြု၍ asxoxec@gmail.com or 09-966906666 , 09-966907777 သို့ ဆက်သွယ်ပေးပါရန်မေတ္တာရပ်ခံအပ်ပါသည်။

crd https://mar-thin.com/

အာမခံချက်

၃မိနစ်အတွင်း လုပ်ငန်းအိုင်ဒီယာ တစ်ခု ရစေမည်။
“သင့်လုပ်ငန်းအတွက်အကျိုးရှိမယ့် အိုင်ဒီယာ တစ်ခု ရလိမ့်မယ်လို့အာမခံပါတယ်။
အချိန် ၃ မိနစ်ပေးပြီး ဒီစာကို ဖတ်ကြည့်ပါ။”

စီးပွားရေးလုပ်ငန်းတိုင်း အာမခံချက် တစ်ခုကို ထဲ့သွင်းရောင်းချကြရတယ်။
ကုန်ပစ္စည်းရောင်းချတာပဲဖြစ်ဖြစ်၊
ဝန်ဆောင်မှု တစ်ခုကို ပေးတာပဲဖြစ်ဖြစ်၊
သုံးစွဲလိုက်ရင် ၊ သုံးစွဲသူကြုံတွေ့နေရတဲ့ အခက်အခဲ ဘယ်လိုအဆင်ပြေသွားမယ် .. ဆိုတဲ့ အာမခံချက်တစ်ခု။

ဘယ်ရေသောက်သောက် ရေငတ်ပြေတယ်ဆိုပေမယ့် ..
ရေသန့်ဗူးကို ဝယ်သောက်တယ်ဆိုတာ သန့်ရှင်းရမယ် ဆိုတဲ့ အာမခံချက် ကို ကြိုက်လို့ပဲ။

ဘယ်တက္ကစီကို စီးစီး ဒီခရီးရောက်တယ်ဆိုပေမယ့် …
Grab ကိုစီးတယ်ဆိုတာ အန္တာရယ်ကင်းတယ်၊ ဈေးနုန်းတင်မထားဘူး ဆိုတဲ့ အာမခံချက်ကို ယုံကြည်လို့ ပဲ။

ကားဂိတ် နဲ့ပစ္စည်းပို့တာ ပစ္စည်းပျောက်နိုင်တယ်ဆိုတာသိပေမယ်…
နေ့ချင်း မြန်မြန်ရောက်နိုင်တယ်ဆိုတဲ့ အာမခံချက်ကို ပိုသဘောကျလို့ပဲ။

လုပ်ငန်းတစ်ခုက အကုန်ကောင်းစရာမလိုဘူး။
ကိုယ်အာမခံချက်ပေးတဲ့အရာတစ်ခုကို ကောင်းမွန်အောင်လုပ်ပေးနိုင်ဖို့ပဲလိုတယ်။


အစွန်းရောက်ဖို့လိုသည်။

လုပ်ငန်းတော်တော်များများက သူတို့ကုန်ပစ္စည်းကို ၁နှစ်အာမခံသည်လို့ပြောနေချိန်မှာ ကိုယ်က ကိုယ့်ကုန်ပစ္စည်းကို ၂ နှစ်အာမခံသည် လို့သာသည်ဆိုယုံ ပြောတာနဲ့ ဈေးကွက်ထိုးဖောက်နည်းဗျူဟာမဖြစ်ဘူး။.
တစ်သက်တာ အာမခံသည် လို့ဆိုမှ ဈေးကွက်ရနိုင်တဲ့အချက်ဖြစ်မယ်။
ဈေးကွက်ထိုးဖောက်ချင်ရင် အစွန်းရောက်ဖို့လိုတယ်။

မြို့တစ်မြို့ကနေ အခြားမြို့တစ်မြို့ကို ပါဆယ်ထုပ်ပို့ဖို့အတွက် ရက်သတ္တပတ်ကြာချိန်မှာ Fedex လုပ်ငန်းက “overnight Delivery” ဒီနေ့ပို့မနက်ဖြန်ရောက် ဆိုတဲ့ အာမခံချက်နဲ့ဈေးကွက် ထိုးဖောက်ခဲ့တယ်။
( ၆ ရက်အတွင်းရောက်.. မဟုတ်ဘူး။)

ပီဇာရောင်းတဲ့ ဆိုင်တွေ မှိုလိုပေါက်နေချိန်မှာ Domino ပီဇာလုပ်ငန်းက “30 min or free” ဖုန်းဆက်မှာရင် မိနစ်၃၀ အတွင်းအရောက်ပို့တယ်၊ မရောက်ရင် ပိုက်ဆံမမေးပဲ အလကားစား ဆိုတဲ့ အာမခံချက် နဲ့ဈေးကွက်ထိုးဖောက်ခဲ့တယ်။

ဆရာဝန်ကို ၁၅ မိနစ်ထက်ပို စောင့်စရာမလို ဆိုတဲ့ အာမခံချက်နဲ့ဆေးခန်း အချို့က ဈေးကွက်ထိုးဖောက်ခဲ့တယ်။

ဘဏ်မှာငွေသွင်းငွေထုတ်လုပ်ဖို့၅ မိနစ်ထက်ပို စောင့်စရာမလို၊ ၅ မိနစ်ကျော်သွားရင် အကောင့်ထဲကို ၅ ဒေါ်လာထည့်ပေးမယ်လို့ အာမခံချက်ပေးမယ် လို့ပြည်ပဘဏ်ကြီးတစ်ခုက ကြေငြာပြီးဈေးကွက်ထိုးဖောက်ခဲ့တယ်။

နာမည်ကြီးရှေ့နေတစ်ယောက်မဟုတ်ပေမယ့် .. အမှုမနိုင်ရင် အခကြေးငွေပေးရန်မလို ဆိုတဲ့ အာမခံချက်နဲ့ရှေ့နေတစ်ယောက် ရှေ့တန်းရောက်ပြီး ဈေးကွက်ပေါက်ခဲ့တယ်။

သေချာတာတစ်ခုကတော့……

အာမခံချက်ဆိုတာ ..အစွန်းရောက်မယ်၊ စားသုံးသူစိုးရိမ်ရဆုံးအချက်တစ်ချက်ကိုပဲ ကောင်းကောင်းအာမခံနိုင်မယ်ဆိုရင် …..

လုပ်ငန်းတွေအတွက် တော်တော်စွမ်းတဲ့ ဈေးကွက်ထိုးဖောက်နည်းဗျူဟာတစ်ခု ဖြစ်မယ်ဆိုတာပါပဲ။

#မာသင်

Leave a comment