သူ့ဘာသာသူ လည်ပတ်နိုင်သော လုပ်ငန်း ဖြစ်ရန် လိုအပ်ချက်(၅) ချက်

ယခု တင် ထားသော ဆောင်းပါး များသည် ကျနော်တို့ Asxox မှ မပိုင်ပါ..

ကျနော်တို့ Website ကို လာရောက် လည်ပတ်တဲ့ မိတ်ဆွေများအတွက် အကျိုး တစ်စုံတစ်ရာ ရရှိစေဖို့ ရည်ရွယ် ပြီးတင်ပေးခြင်းသာဖြစ်ပါသည်

အကြောင်း အမျိုးမျိုးကြောင့် ဖျက် စေချင်လျှင် ကျေးဇူးပြု၍ asxoxec@gmail.com or 09-966906666 , 09-966907777 သို့ ဆက်သွယ်ပေးပါရန်မေတ္တာရပ်ခံအပ်ပါသည်။

crd https://mar-thin.com/

 

စီးပွားရေးလုပ်ငန်းတစ်ခု..လုပ်ငန်းရှင်မပါလဲ ကောင်းမွန်စွာလည်ပတ်နိုင်ဖို့ဆိုတာ အရေးကြီးပါတယ်။

Self-sustaining organism လို့ခေါ်တဲ့ သူ့ဘာသာသူ ရှင်သန်ကြီးထွားပြီး လှုပ်ရှားနေတဲ့ အဖွဲ့အစည်းတစ်ခု ဖြစ်မှသာ လုပ်ငန်းရှင်ဘက်က ပဲ့ထိန်းပေးဖို့သာလိုပြီး၊ အချိန်တွေ ပိုထွက်လာပြီး သက်သာမှာဖြစ်ပါတယ်။

လုပ်ငန်းရှင်မပါပဲ ကောင်းမွန်စွာလည်ပတ်နိုင်ဖို့လိုအပ်ချက် (၅) ရပ် ရှိပါတယ်။

  • (၁) ပုံစံကျခြင်း ( Structure)
  • (၂) စနစ်တစ်ခု ( System)
  • (၃) ခန့်မှန်းချက် (Prediction)
  • (၄) ရိုးရှင်းမှု (Simplify)
  • (၅) တာဝန်လွဲအပ်ခြင်း (Delegation)

ငါးခုစလုံးကို အလွယ်မှတ်နိုင်ဖို့စာကြောင်းတိုတစ်ခု လုပ်ထားပေးပါတယ်။
လုပ်ငန်းရှင်မပါပဲ လည်ပတ်နိုင်ဖို့..
“ပုံစံကျတဲ့စနစ်ကို ခန့်မှန်းပြီး ..
ရိုးရိုးလေး၊ လွဲပေးလိုက်ပါ။ “

(၁)ပုံစံကျခြင်း

လုပ်ငန်းမှာ အပိုင်းကဏ္ဍတွေက ဘာတွေလဲ။ ဘယ်အပိုင်းကို ဘယ်သူက တာဝန်ယူထားသလဲ။ လုပ်ငန်းရဲ့ကျောရိုးပေါ့။
အဆောက်အဦးတစ်ခုဆိုရင် ..အိပ်ခန်းကဘယ်နေရာ၊ အိမ်သာက ဘယ်နေရာ အစရှိသဖြင့်ပေါ့။ နေရာသာအတည်တကျမသတ်မှတ်ပေးထားရင် အိမ်သာတက်ချင်ပေမယ့် အိမ်သာကို မနည်းလိုက်ရှာနေရလိမ့်မယ်။
ကိုယ့် လုပ်ငန်းအဖွဲ့အစည်းမှာလဲ အပိုင်းကဏ္ဍတွေကို တိတိကျကျ သတ်မှတ်ပါ။ တာဝန်ယူမှု၊ တာဝန်ခံမှု တွေကို တိတိကျကျ သတ်မှတ်ပါ။

လူတစ်ယောက်က အပိုင်းကဏ္ဍ နှစ်ခု ကို တာဝန်ယူလို့ရပေမယ့် ..
အပိုင်းကဏ္ဍ တစ်ခုမှာ လူနှစ်ယောက် တာဝန်ယူနေပြီဆိုရင် ရှုပ်ထွေးမှုတွေ စဖြစ်တော့တာပါပဲ။

(၂)စနစ်တစ်ခု

လုပ်ငန်းအပိုင်းကဏ္ဍတွေကို ချိတ်ဆက်လုပ်ဆောင်ဖို့စနစ်တစ်ခု လိုအပ်ပါတယ်။ ဖုန်း လိုပေါ့။ ဖုန်းမှာ ios ဆိုတာ ရှိတယ်။ Android ဆိုတာရှိတယ်။ အဲဒါ system ပဲ။ အဲဒါ ပျက်တာ..ဖုန်းပျက်တာ မဟုတ်ပေမယ့် ..ဖုန်းက အလုပ်မလုပ်တော့ဘူး။

(၃)ခန့်မှန်းချက်

လက်ရှိမှာ လုပ်ငန်းက သေးချင်သေးမယ်။ ဒါပေမယ့် ပုံစံတွေကို တိတိကျျကျ ရေးဆွဲရာမှာ လက်ရှိအဆင်ပြေဖို့ဆိုတာထက် နောင်လာမယ့် တစ်နှစ်၊ သုံးနှစ် ၊ ဆယ်နှစ် မှာ ဖြစ်လာမယ့် အနေအထား ခန့်မှန်းချက်နဲ့အညီ ရေးဆွဲရတာဖြစ်ပါတယ်။ ဥပမာ ပွဲခင်းမှာ လာကြမယ့် လူဦးရေကို ခန့်မှန်းပြီး အိမ်သာကို တည်ဆောက်ရတာဖြစ်ပါတယ်။ ပွဲမစခင် လူဦးရေအတိုင်း အိမ်သာဆောက်ရင် .. ပွဲစရင် အိမ်သာမလောက်ဖြစ်တတ်ပါတယ်။

(၄)ရိုးရှင်းမှု

ကိုယ်ချထားတဲ့စနစ်၊ ကိုယ်လွဲအပ်လိုက်တဲ့ တာဝန်တွေကို ကိုယ့်ဝန်ထမ်းတွေကို ရှုပ်ထွေးတဲ့ စကားလုံးတွေ နည်းလမ်းတွေနဲ့ရှင်းပြလို့မရပါဘူး။ ရိုးရှင်းရပါမယ်။ ကလေးနားလည်နိုင်တဲ့ စကားလုံး အသုံးအနုန်းတွေ နဲ့ ရိုးရိုးရှင်းရှင်း ဖြစ်အောင်လုပ်ရပါမယ်။

(၅)တာဝန်လွဲအပ်ခြင်း

တာဝန်လွဲအပ်မှု ဆိုတာ အဆင့်တွေရှိပါတယ်။ ဟေ့ရောင်.. ဒါလုပ်လိုက် လုပ်လို့မရပါဘူး။ ဒါလုပ်လိုက် …ဆိုရင် .. ဒါပဲ ဖြစ်လာမှာ ..ဖြစ်ပါတယ်။
“ပြင်ဆင်၊ လူရွေး
ဆွေးနွေး၊ သဘောတူ
ခွင့်ပေး၊ စောင့်ကြည့်
မလွဲခင်အထိ
လုပ်ရန် ၆ ခုသာ”
ဆိုပြီးတော့ ကျွန်တော် အခြားဆောင်းပါးတစ်ခုမှာ ရှင်းပြထားပါတယ်။

လုပ်ငန်းတစ်ခု လုပ်ငန်းရှင်မပါပဲ လည်ပတ်ဖို့အတွက် ဒီငါးချက်နဲ့ အစပြုရပါမယ်။ အချက်တစ်ချက်တိုင်းမှာ အကြောင်းအရာတွေအများကြီးပါဝင်ပါတယ်။
ငါးချက် နဲ့စတင်ပါ။

သူ့ဘာသာ လည်ပတ်ကြီးထွားနိုင်သော လုပ်ငန်းတစ်ခု ဆိုတာ ..
လုပ်ငန်းရှင်တိုင်း မြင်သင့် တဲ့ ရှူ ဒေါင့် တစ်ခု ဖြစ်ပါကြောင်း…။ ။

မာသင်

စီးပွားရေး ဒိုင်ယာရီ မှတ်စုများ

Leave a comment